• cờ Việt Nam Vietnamese
  • cờ english English
  • cờ lào Laos
  • cờ campuchia Cambodia
  • cờ thái lan Thailand
  • cờ indonesia Indonesia
  • cờ philippines
Philipins
  • cờ myanmar Myanmar
Máy chiết rót tích hợp-big

ပေါင်းစပ်ထားတဲ့ ပုလင်းဘူး လောင်းဖြည့်စက် VAMCRTH

ဆက်သွယ်ရန်

ပေါင်းစပ်ထားတဲ့ ပုလင်းဘူး လောင်းဖြည့်စက် ဟာVIET ANကနေထုတ်လုပ်ထားလို့ ပုလင်းရောဘူးရောဖြည့်ပေးလို့ရပါတယ်

  • ● မော်ဒယ်: VAMCRTH
  • ● အရည်အသွေး: iNox304
  • ● ထုတ်လုပ်သည့်ကုမ္ပဏီ: Việt An
  • ● ထုတ်လုပ်မှု စံညွှန်း: ISO9001-2015
  • ● လုပ်ဆောင်နိုင်မှု: လီတာ၂၀ဘူးဖြည့်တာ+ ပုလင်းဖြည့်တာ
  • ● ၁၂လအာမခံ

အမျိုးအစားခွဲခြားထားသောနေရာ: ဖြည့်စက်၊ , တစ်ဝက်အလိုအလျောက် ရေဖြည့်ပေးသောစက်

ကုန်ပစ္စည်းရဲ့ ကုဒ်နံပါတ်: VAMCRTH

  • ဖော်ပြမယ်
  • ကိန်းဂဏန်းဖော်ပြချက်စီစဉ်လုပ်ဆောင်မယ်
  • ဓာတ်ပုံ

ကုန်ပစ္စည်းအသေးစိတ်

ပေါင်းစပ်ထားတဲ့ ပုလင်းဘူးဖြည့်တဲ့စက် မော်ဒယ် VAMCRTH ဟာViet An ကနေထုတ်လုပ်ထားတာဖြစ်လို့ ဘူးပုလင်းအော်တိုဖြည့်ပေးပြီးရောင်းပေးတဲ့စက်တွေထဲမှာ လူကြိုက်အများဆုံးထဲကဖြစ်ပါတယ်။ အများအားဖြင့် ၅၀၀၀ လီတာအောက် အားရှိတဲ့ရေသန့်စက်တွေဝယ်တဲ့သူတွေဟာ ပုလင်းရောဘူးပါဖြည့်လို့ရတဲ့ ဒီစက်ကိုရွေးချယ်ဝယ်ယူကြပါတယ်။

Ảnh tập thể công ty Việt An
Viet An ကုမ္ပဏီရဲ့ အဖွဲ့လိုက်ဓာတ်ပုံ


ဒီစက်ရဲ့အားသာချက်က စျေးပေါပြီး ၁၉ လီတာနဲ့ ၂၀ လီတာဘူးတွေအပြင် ၃၃၀မီလီလီတာဘူး၊ ၅၀၀ မီလီလီတာဘူး၊ ၁၀၀၀ မီလီလီတာဘူးနဲ့ ၁၅၀၀ မီလီလီတာဘူးတွေကိုပါ ဖြည့်လို့ရတာပါ။ ဘူးကြီးဖြည့်တဲ့စက် နဲ့ ပုလင်းဘူးသေးဖြည့်တဲ့စက် နှစ်ခုကို ပိုက်ဆံပိုကုန်ခံဝယ်မယ့်အစား အခုတော့ နှစ်ခုပေါင်းစပ်ထးတဲ့စက်တစ်ခုဝယ်လိုက်တာနဲ့ လုံလောက်သွားမှာပါ။

နှစ်ခုလုပ်လို့ရတဲ့ အော်တို့လောင်းဖြည့်ပေးပြီးရောင်းချပေးတဲ့စက် ဟာ တစ်နာရီမှာ လီတာ၂၀ဘူး ၆၀ဖြည်နိုင်ပြီး ၅၀၀ မီလီလီတာ ဘူးသေးဆိုရင် ဘူး ၁၅၀ဖြည့်နိုင်ပါတယ်၊ မော်ဒယ် VAMCRTH ကို အစုရှယ်ယာအများပိုင် ကုန်သွယ်ရေးကုမ္ပဏီ Viet Anရဲ့ စက်ရုံမှာထုတ်လုပ်ထားပါတယ်။ အမေရိကန်ရဲ့ ခေတ်အမှီဆုံးပုလင်းဘူးဖြည့်တဲ့နည်းပညာကိုသုံးထားပါတယ်။ ကွာလတီစံနှုန်းက ISO 9001:2015 ပါ။
ပုံစံက ခေတ်မှီသေးငယ်သပ်ရပ်ပါတယ်။
တာရှည်ခံတဲ့ အဆင့်မြင် iNox စတီးကွာလတီနဲ့ပါ။
=> လုပ်ငန်းတွေကို ကုန်ထုတ်စွမ်းအားတိုးတက်စေခြင်း၊ ကုန်ပစ္စည်းအမျိုးစုံထုတ်လုပ်နိုင်စေခြင်း၊ ကုန်ကျစရိတ်သက်သာစေခြင်း နှင့် အမြတ်ပိုရခြင်းတို့ကို ဖြစ်စေရန်ကူညီပေးပါတယ်။ အဓိကကတော့ စျေးကွက်တင်ပို့မယ့် ရေဘူးသေး ရေဘူကြီး စသည့်သောက်ကုန်ပစ္စည်းများကို သန့်ရှင်းမှု အာမခံခြင်းပဲဖြစ်ပါတယ်။

VA အမှတ်တံဆိပ် ပေါင်းစပ်ထားတဲ့ ပုလင်းဘူးဖြည့်တဲ့စက် မော်ဒယ် VAMCRTH
မော်ဒယ် VAMCRTH စက်ဟာ ရေသန့်ဘူးသေးနဲ့ဘူးကြီးတွေထုတ်တဲ့လုပ်ငန်းတွေအတွက် ဘေးကင်းစွာနဲ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ထုတ်လုပ်နိုင်အောင် အာမခံပေးနိုင်တဲ့ အထိရောက်ဆုံးသော အဖြေပါပဲ။ ဒါက စက်မှုလောကရှာဖွေတွေ့ရှိမှုရဲ့ အောင်မြင်မှုပါပဲ၊ Viet Anကုမ္ပဏီ အင်ဂျင်နီယာအဖွဲ့ရဲ့ တီထွင်ဖန်တီးမှုလည်းဖြစ်ပါတယ်။ အကျိုးအမြတ်အမြင့်ဆုံး၊ ရင်းနှီးရတဲ့ပမာဏအနည်းဆုံးတို့နှင့် အရမ်းအသုံးဝင်သော ယခုခုကဲ့သို့သော ကုန်ပစ္စည်းများကို လူကြီးမင်းတို့ထံသို့ စိတ်စေတနာ အပြည့်ဖြင့် ယူဆောင်လာခဲ့ပါပြီ။ ယခုပေါင်းစပ်ထားတဲ့ ဘူးဖြည့်စက်ဟာ ဘူးကြီးရော ဘူးအသေးတွေပါ ဖြည့်လိုရပါတယ်၊ VAMCRTH ဟာ အရင်ထွက်ခဲ့တဲ့ ဘူးအော်တိုဖြည့်ပေးပြီး ရောင်းပေးတဲ့စက်တွေကို ပိုပြီးကောင်းမွန်တိုးတက်လာအောင် အဆင်မြှင့်တင်ထားတာပါ။

Máy chiết rót tích hợp-big
နှစ်မျိုးပေါင်း ဘူးပုလင်းဖြည့်တဲ့စက်

 

နှစ်မျိုးပေါင်း ဘူးပုလင်းဖြည့်စက်ပေါ်မှာ တစ်ကြိမ်ဖြည့်လျှင် ဘူးအသေး ၁၂ဘူးအတွက်နေရာနဲ့ ဘူးကြီး ၁ ဘူးအတွက်နေရာရှိတာတွေ့မြင်နိုင်ပါတယ်။ အဲဒီနံဘေးမှာ လောင်းဖြည့်ပေးတဲ့စားပွဲ+အဖုံးဖုံးပေးတဲ့ခေါင်းတစ်ခု+ပုလင်းဘူးဆေးပေးတဲ့ ရေစည်တစ်ခု+inoxမော်တာပိုက်ခေါင်း+PPRပိုက်လိုင်း+စက်ရဲ့ဖရိမ်တွေရှိပါတယ်။
ဒီစက်ရဲ့လည်ပတ်မူဟာအလွန့်အလွန်ကိုရိုးရှင်းပါတယ် ပြန်သန့်ရှင်းရေးလုပ်ဖို့လည်း လွယ်ကူပြီး ၁၅ နှစ်အထိကိုကြာရှည်ခံနိုင်ပါတယ်

VIET ANရဲ့ ပေါင်းစပ်ထားတဲ့ ပုလင်းဘူးဖြည့်တဲ့စက် မော်ဒယ် VAMCRTHမှာပဲရှိတဲ့ အခြားအချက်များ
အစုရှယ်ယာအများပိုင်ကုန်သွယ်ရေးကုမ္ပဏီ Viet An ဟာ ဆက်လက်တိုးတက်အောင်လုပ်ဆောင်နေတာကို မရပ်တန့်ပါ။ ကျတော်တို့ စျေးကွက်တင်လိုက်တဲ့ စက်ပစ္စည်းထဲမှာသုံးထားတဲ့ ခေတ်မှီနည်းပညာအပိုင်းမှာ အမြဲတမ်း ဦးဆောင်နေမှာပါ။ စျေးကွက်ထဲက တခြားပစ္စည်းတွေနဲ့မတူတဲ့ နောက်ထပ်မရှိတဲ့ အထက်ပါပစ္စည်းမျိုးကိုလည်း ဆက်လက်ဖန်တီးသွားမှာပါ။
အမေရိကန် နည်းပညာ
နှစ်မျိုးပေါင်း ဘူးပုလင်း အော်တိုဖြည့်ပေးပြီးရောင်းပေးတဲ့စက်တင်မကပါဘူး အမေရီကန်ရဲ့ခေတ်အမှီဆုံးနည်းပညာသုံးထားတဲ့ ဘူးအသေးအော်တိုဖြည့်ပေးပြီးရောင်းပေးတဲ့စက်နဲ့ ဘူးကြီးအော်တိုဖြည့်ပေးပြီးရောင်းပေးတဲ့စက်တွေကိုလည်း Viet Anက ထုတ်လုပ်ဖြန့်ချိနေပါတယ်။ အဲဒါကြောင့်စျေးကွက်ထဲက သမရိုးကျနည်းပညာသုံး ဘူးပုလင်းဖြည့်ပေးတဲ့ အခြားသောစက်တွေနဲ့ယှဉ်ရင် ကုန်ထုတ်စွမ်းအားပိုသာမယ်ဆိုတာ အာမခံပါတယ်။
မတူညီသောတည်ဆောက်ပုံ
ဘူးဖြည့်တဲ့နေရာ
ဘူးအသေး ၁၂ဘူး နေရာ+ ဘူးကြီး ၁ဘူး နေရာ တွေကို အီတလီနည်းပညာအတိုင်းထုတ်ထားတာပါ။ ပိုမြန်မြန် ဘူးဖြည့်ပေးနိုင်ပြီး တာရှည်အသုံးခံပါတယ်။
မော်တာ
စက်ရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘူးပုလင်းအော်တိုဖြည့်ပေးပြီးရောင်းပေးတဲ့စက်ကိုလည်ပတ်ပေးနေတဲ့အသက်လို့ပြောလည်းရပါတယ်။ မော်တာပိုက်ခေါင်းကိုလည်း inoxနဲ့လုပ်ထားပါတယ်။ အီတလီနည်းပညာနဲ့ထုတ်လုပ်ထားလို့ ရေအားပိုပြင်းပြင်းထုတ်ပေးနိုင်ပြီး ရေကို စည်ထဲကနေ စက်ကိုဖြတ်က အထွက်ပိုက်ခေါင်းတွေထိ ပိုမြန်မြန် အားကောင်းကောင်းနဲ့ ဆူညံသံမပါပဲ တွန်းပို့ပေးနိုင်ပါတယ်။ တာရှည်ခံပါတယ်။
ဘူးဖြည့်ပေးတဲ့စားပွဲ
Inox ဘားတွေရဲ့ပုံစံကစက်ဝိုင်းပုံရှိပြီး ကွေးလို့လည်းရလို့ စက်ရဲ့ ဖရိမ်နားထိကိုနီးလာအောင် ဆွဲလို့ရပါတယ်။
စက်လည်ပတ်နေစဉ်အတွင်းမှာလည်း ဘူးပုလင်းတွေကို ထပ်တင်လို့ရပြီး ဘူးပုလင်းတွေကို ရွှေ့ရတာလွယ်ကူရိုရရှင်းပါတယ်။
ဘူးဖြည့်တဲ့စားပွဲဟာ inoxနဲ့လုပ်ထားလို့ စားသွားခြင်း၊ အော်ဆီဂျင်ဓာတ်ပြုခြင်းမရှိပဲ သန့်ရှင်းရေလုပ်ရတာလွယ်ကူကာ နှစ်၂၀အထက် အသုံးခံစေပါတယ်။
စက်ရဲ့ ဖရိမ်
Viet An ဟာ ဘူးပုလင်း အော်တိုဖြည့်ပေးပြီးရောင်းပေးတဲ့စက် VAMCRTHရဲ့ အပြင်ဖက်ဖရိမ်ကို အမြင်လှပစေရန်အပြင် တာရှည်အသုံးခံနိုင်အောင်လည်း ဒီဇိုင်းထုတ်ထားပါတယ်။ inox 304ကိုသုံးထားပေးလို့ စျေးကွက်ထဲက အခြားစက်တွေထက်စျေးအနည်းငယ်ပိုနိုင်ပြီး အများကြီးပိုပြီးတော့ တာရှည်အသုံးခံနိုင်စေမှာပါ။
အကောင်းဆုံးစျေးနှုန်း
လုပ်ငန်းရှင်တွေအတွက်၊ စီးပွါးရေးလုပ်ငန်းတွေအတွက် အထူးသဖြင့် ရေသန့်ဘူးလုပ်ငန်းလိုမျိုး လုပ်ငန်းစလုပ်တာမကြာသေးတဲ့သူတွေအတွက်က စျေးနှုန်းက အမြဲတမ်း ပြသနာတစ်ခုပါ။ စက်ကို ကိုယ်တိုင်ထုတ်လုပ်ထားပြီး လူကြီးမင်းတို့လက်ထဲ အရောက် ပို့ဆောင်ရောင်းချပေးကာViet ဘူးပုလင်းအော်တိုဖြည့် ပေးတဲ့စက်တွေဝယ်လို့ ရှိရင်လည်း Viet An ရဲ့စက်အားလုံးကိုလည်း စျေးအနိမ့်ဆုံးထားပေးထားလို့ အော်တိုသာဝယ်လိုက်ပါ။
Viet An မှထုတ်လုပ်ဖြန့်ချိနေတဲ့ အော်တိုဘူးပုလင်း ဖြည့်ပြီးရောင်းချပေးတဲ့စက်တွေရဲ့ အသေးစိတ်စျေးနှုန်းအားလုံးကို https://vietan.vn/may-chiet-rot မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အခြားသိချင်တာရှိပါက Viet Anရဲ့ Hotline နံပါတ် +84 839 31 31 31 ဆက်သွယ်စုံစမ်းနိုင်ပါတယ်။အသေးစိတ်ရေးသားချက်အားဖုန်းရန်

ရေထားသောအရာအားအသေးစိတ်ဖတ်မယ်

နှစ်မျိုးပေါင်း ဘူးပုလင်းဖြည့်တဲ့စက်ရဲ့ လုပ်နိုင်အားအညွှန်းကိန်းများ

မော်ဒယ် VAMCRTH
တစ်ကြိမ်လုပ်နိုင်အား ဘူးသေး ၁၂
တစ်ကြိမ်လုပ်နိုင်အား ဘူးကြီး
inox မော်တာပိုခေါင်း
PPRပိုက်လိုင်း အပြည့်အစုံ  အပြည့်အစုံ
စျေးနှုန်း( USD)  

ဓာတ်ပုံ

Hỏi đáp & đánh giá ပေါင်းစပ်ထားတဲ့ ပုလင်းဘူး လောင်းဖြည့်စက် VAMCRTH

0/5

0 đánh giá và hỏi đáp

5 Sao
compelete
0
4 Sao
compelete
0
3 Sao
compelete
0
2 Sao
compelete
0
1 Sao
compelete
0

Bạn có vấn đề cần tư vấn?

Gửi câu hỏi

Bạn chấm bài viết này bao nhiêu sao?

Hủy
ပရိုမိုးရှင်းရယူမယ်
share-zalo
share-youtube
share-facebook
share-twiter
share-google-plus